မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးက်ခံရသူပေါင်း ၄ ဒသမ ၄၉ သန်းကျော်ရှိလာ

ကွာလာလမ်ပူ မေ ၂၅

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၄၄ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၄၉၂၈၆၄ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါတစ်ရက်အတွင်း ကူးစက် ခံရသူများအနက် ၁၅၄၁ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် သုံးဦးသည် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

 

သေဆုံးသူပေါင်း ၃၅၆၄၅ ဦးရှိလာ

ထို့ပြင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ နှစ်ဦးထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၃၅၆၄၅ ဦး ရှိလာကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၉၀၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၄၃၂၀၇၁ ဦးရှိလာကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲ လူနာစုစုပေါင်း ၂၅၁၄၈ ဦး ရှိကြောင်း သိရသည်။

 

အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်

နိုင်ငံလူဦးရေ၏ ၈၅ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း၊ ၈၂ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီး ဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၂ ရာခိုင်နှုန်းသည် တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်