မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုအမြင့်မားဆုံးဖြစ် 

ဖေဖော်ဝါရီ ၁၇

 

မလေးရှားနိုင်ငံတွင် ကူးစက်ဖြစ်ပွားသူ ၂၇၈၃၁ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုတွင် အမြင့်မားဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၁၁၁၅၁၄ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၁၁၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၇၇၁၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၂၁၈၀ ဦးအထိ ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ၇၉၁၂ ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူပေါင်း ၂၈၇၆၄၅၀ ဦးရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၀၂၈၈၄ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၂၀၄ ဦးရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ၇၈ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၄၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို