မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၀၆ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ ဧပြီ ၂၅

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၆ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၄၃၁၀၇၃ ဦးရှိလာကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရ သူများအနက် ၃၉၉၉ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ပြီး ခုနစ်ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

 

လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူရှစ်ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၃၅၄၉၉ ဦးရှိလာကြောင်း သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၁၀၂၂၃ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၄၃၂၀၈၂၂ ဦး ရှိကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာ ၈၀၉၇၇ ဦးရှိကြောင်း သိရသည်။

 

နိုင်ငံလူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင် နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်၊ ၈၁ ဒသမ ၃ ရာခိုင် နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှစ်ကြိမ်နှင့် ၄၉ ရာခိုင်နှုန်းသည် တတိယအကြိမ် အပိုဆောင်း ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်