မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၆၂၆ ဦးထပ်မံတွေ့ရှိ

ကွာလာလမ်ပူ ဒီဇင်ဘာ ၁၃

 

မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၂၆ ဦး ထပ်မံတွေ့ရှိကြောင်းနှင့် အဆိုပါ ရောဂါကြောင့်သေဆုံးသူ ၃၁ ဦး ထပ်မံတွေ့ရှိကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ ။

 

အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၂၆ ဦးအနက် ၄၆၀၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ၂၀ ဦးသည် ပြည်ပမှပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများ ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။

 

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၆၈၈၁၄၉ ဦးရှိကြောင်းနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၈၆၂ ဦး ရှိကြောင်း သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၄၆၉၀ ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၂၅၉၆၅၀၉ ဦး ရှိလာကြောင်း သိရသည်။

 

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၆၀၇၇၈ ဦးရှိကြောင်း၊ ယင်းတို့အနက် ၃၉၆ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း နှင့် ၂၁၁ ဦးသည် အသက်ရှူ အထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၇၈ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်