မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၄၃ ဦး ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၁၆

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၄၃ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၂၅၅၁၄၅၂ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

 

ထပ်မံရောဂါကူးစက်ခံရသူများအနက် ၁၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၅၁၃၀ သည် ပြည်တွင်း ကူးစက်မှုဖြစ်သည်ဟု ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၅၃ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၂၉၇၂၉ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၂၄၅၅၇၆၇ ဦး ရှိလာသည်။

 

အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၂၆ ဦးရှိပြီး ရောဂါကူးစက်မှုဖြစ်ပွားဆဲလူနာ ၆၅၉၅၆ ဦး ရှိသည်။

 

နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၄ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးနှံပြီးသူများဖြစ်ပြီး ၇၆ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူများဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို