မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၅၅၂ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၈

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၅၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း  ၄၈၃၄၅၆၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ငါးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၅၄၇ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ခြောက်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၆၃၆၃ ဦး ရှိလာသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၇၄၃၁၄ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၃၈၈၃ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၄၆ ဦးရှိသည်။ ၎င်းတို့အနက် ၂၆ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာတပ်ဆင်အသုံးပြုလျက်ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်း၊ အပိုဆောင်းကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် အပိုဆောင်းကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို