မလေးရှားနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် နှစ်ဦးထပ်မံသေဆုံး

မေ ၂၉

မလေးရှာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် နှစ်ဦးထပ်မံသေဆုံခဲ့ကြောင်း ကျန်းမားရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။ အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်းသေဆုံးသူပေါင်း ၄၂ ဦးရှိပြီး လွန်ခဲ့သောနှစ် အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၂၈ ဦး သေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၉၆၈၁ ဦးရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၆၁၉ ဦးနှင့်နှိုင်းယှဉ်ပါက ယင်းရောဂါဖြစ်ပွားသူပိုမိုများပြားလာကြောင်း ထိုဝန်ကြီးဌာန၏ညွှန်ကြားရေးမှူးချုပ်ကပြောကြားသည်။

ဆီလန်ဂေါပြည်နယ်သည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအဆိုးရွားဆုံးဒေသဖြစ်သည်။ ခြင်ပေါက်ဖွားရာနေရာများကို ဖျက်ဆီးပြီး အထူးသဖြင့် စာသင်ကျောင်းများတွင်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအစီအမံများကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားကြောင်း ၎င်းကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို