မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၂၈၂၉၈ ဦး ထပ်မံတွေ့ရှိ

မတ် ၁၇

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၉၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၃၉၀၀၄၃၃ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၆၉၈ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်တွင်းကူးစက်သူဦးရေမှာ ၂၇၆၀၀ ရှိကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၀၅ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၄၀၉၉ ဦးရှိလာသည်။

 

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၃၀၀၉ ဦးရှိသဖြင့် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားသူပေါင်း ၃၅၆၇၀၀၃ ဦးရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၉၉၃၃၁ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၃၇၄ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ ၈၃ ဒသမ ၈ ရာခိုင်နှုန်း၊၇၈ ဒသမ ၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၄၇ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို