ကွာလာလမ်ပူ မတ် ၁၁
မလေးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရင်းဂစ်သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၁၇၁ သန်း) ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မတ် ၁၁ ရက်တွင် ဖော်ပြသော တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါ ဆုံးရှုံးမှုပမာဏသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းနှင့် ညီမျှမှုရှိကြောင်း မလေးရှားစာရင်းအင်းဌာန (ဒီအိုအက်စ်အမ်) က ပြောသည်။ သို့သော်လည်း ယင်းပမာဏသည် ဂျီဒီပီ ၀ ဒသမ ၀၆ ရာခိုင်နှုန်းခန့်ရှိသော ၂၀၂၂ ခုနှစ်က ရင်းဂစ် ၁ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် လျော့နည်းကြောင်း သိရသည်။
ဆင်ဟွာ