မလေးရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ခရီးသွားစင်္ကြံဖွင့်လှစ်

နိုဝင်ဘာ ၁၂

 

မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံအကြား ခရီးသွားလမ်းကြောင်း ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။

 

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘီရတ်ကော့နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့သည် ဗုဒ္ဓဟူးနေ့က ဂျကာတာအနီးတွင် တွေ့ဆုံခဲ့ကြသည်။ 

 

ယင်းသို့တွေ့ဆုံပြီးနောက် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ခရီးသွားစင်္ကြံဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်း ဂျိုကိုကပြောကြားသည်။

 

အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေဘာလီကျွန်းနှင့် ကွာလာလမ်ပူအကြားနှင့် နှစ်နိုင်ငံမြို့တော်များအကြား ခရီးသွားများအတွက် စတင်ဖွင့်လှစ်ရန်စီစဉ်ထားသည်ဟု အစ္စမေးလ်ဆာဘီက ဆိုသည်။

 

လာမည့်နှစ်အစောပိုင်းတွင် ခရီးသွားစင်္ကြံဖွင့်လှစ်ရန် မျှော်လင့်ကြောင်း မလေးရှားအစိုးရက ပြောကြားသည်။

 

ပထမဆုံးခရီးသွားများသည် သံတမန်များနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများဖြစ်မည်ဟု အင်ဒိုနီးရှားကဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ နှေးကွေးလာသဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ ဖြည်းဖြည်းချင်းပြန်လည်ဖွင့်လှစ်လာပြီ ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို