ဒီဇင်ဘာ ၆
မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် လွန်ခဲ့သောသီတင်းပတ်မှစတင်ကာ မုတ်သုံမိုးများရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်း တို့ကြောင့် လူပေါင်းသောင်းနှင့်ချီရေဘေးသင့်ပြီး သေဆုံးသူ ဒါဇင်နှင့်ချီရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံမြောက်ပိုင်း ကီလန်တန်နှင့် တီရန်ဂါနူပြည်နယ်များတွင် လွန်ခဲ့သောသီတင်းပတ်က စံချိန်တင်မိုးရွာသွန်းခဲ့ပြီးနောက် ရပ်ကွက်များအတွင်းရေနစ်မြုပ်မှုများဖြစ်ပွားခဲ့သည်။
အဆိုပါရေဘေးသင့်ဒေသများရှိ နေအိမ်များနှင့် လမ်းများပျက်စီးခဲ့ပြီး လူခြောက်ဦးထက်မနည်းသေဆုံးကာ လူပေါင်း ၅၀၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များတွင်လည်း နိုဝင်ဘာလနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုများခဲ့ရာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။
မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် ယခုသီတင်းပတ်အတွင်း မိုးရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ပြန်လည် လျော့ကျသွားသော်လည်း လာမည့်သီတင်းပတ်အတွင်း မိုးကြီးမှုထပ်မံဖြစ်ပေါ်နိုင်ခြင်းနှင့်ပတ်သက်ပြီး မိုးလေဝသ အာဏာပိုင်များက သတိပေးပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို