မလေးရှားရေတပ်ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ်တိုက်မိသဖြင့် ၁၀ ဦးသေဆုံး

ဧပြီ ၂၃

မလေးရှားရေတပ်ရဟတ်ယာဉ်နှစ်စင်းသည် အစမ်းလေ့ကျင့်ပျံသန်းစဉ် Perak ပြည်နယ်တွင် ယနေ့မနက်ပိုင်းက  တိုက်မိပြီးနောက် ၁၀ ဦးသေဆုံးခဲ့သည်။ အဆိုပါရဟတ်ယာဉ်နှစ်စင်းသည်  ရေတပ်မခြေစိုက်စခန်းအတွင်း ပျံသန်းနေစဉ် ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၂ မိနစ်က တိုက်မိပြီးပျက်ကျသွားခဲ့သည်ဟု မလေးရှားရေတပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ရဟတ်ယာဉ်တစ်စင်းတွင် ခုနစ်ဦးလိုက်ပါလာပြီး အခြားရဟတ်ယာဉ်ပေါ်တွင် သုံးဦးပါရှိသည်ဟု သိရသည်။ ထိုမတော်တဆမှုတွင်သေဆုံးသူများ၏ရုပ်အလောင်းများကို ဆေးရုံသို့ပို့ထားပေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို