မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးမှုများပြားနေသည့်အပြင် အလုပ်အကိုင် လည်း ရှားနေသောကြောင့် တရားမဝင်နည်းဖြင့် မလာရောက်ကြရန် အကြံပြု

ရန်ကုန် မေ ၃၁

 

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးမှုများပြားနေသည့်အပြင် အလုပ် အကိုင်အခွင့်အလမ်းလည်း ရှားပါးနေသောကြောင့် တရားမဝင်မလာရောက်ကြရန် မလေးရှားရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက အကြံပြုပြောကြားသည်။

 

မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့် ခွင့်ပြုချက် KSM Approval ချထားပေး မှုများကို ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ရပ်ဆိုင်းထားကာ လက်ရှိတွင် တရားမဝင် အလုပ်သမားများကို ဖမ်းဆီးမှုမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

 

လက်ရှိက အဖမ်းအဆီးတွေများတော့ တရားမဝင် မလာစေချင်ဘူး။ တရားဝင်လာဖို့ကလည်း ပိတ်ထားတယ်ဆိုတော့ ပွင့်မှ တရားဝင်လာစေချင်တယ်။ ဒီဘက်မှာက အလုပ်အကိုင်လည်း ရှားတယ်။ တချို့ တရားမဝင်အလုပ်သမားတွေက အလုပ်အကိုင်ရှားပါးတော့ တရားမဝင်တဲ့ နေရာတွေမှာ လုပ်နေကြတာတောင် ရှိနေတယ်။ ဒါကလည်း အန္တရာယ်များတယ်ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

 

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမဝင် လာရောက်ကြသူများမှာ အလုပ်ချိတ်ဆက်ထားခြင်း မရှိဘဲ မလေးရှားနိုင်ငံသို့ရောက်မှသာ အလုပ်ရှာခြင်းမျိုးဖြစ်နေသည့်အတွက် ပေးဆပ်ထားရသည့် အရင်းအနှီးနှင့် မတန်ခြင်းမျိုးလည်းရှိကြောင်း သိရသည်။


မလေးရှားနိုင်ငံထဲကို သက်စွန့်ဆံဖျား တရားမဝင် ဝင်တယ်ပေါ့နော်။ ဒီအတွက်လည်း ခေါ်တဲ့ ပွဲစားကို ပိုက်ဆံတွေအများကြီးပေးထားတယ်။ ပြီးတော့ ဒီကျတော့ အလုပ်က မရ၊ ပေးရတာ ကလည်း သိန်းဆယ်ချီလေ။ အဲ့ဒီတော့ ဒီမှာပဲရတဲ့ အလုပ်လုပ်ပြီးတော့ တွယ်ကပ်နေရင်း ဒုက္ခ ရောက်ကြရတယ်ဟု ၎င်းက ရှင်းပြသည်။

Thuta Kyaw