မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် လာဘ်စားမှုဖြင့် အဖမ်းခံရ

၃ ဇူလိုင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇာတ် ကို လာဘ်စားမှုတိုက်ဖျက်ရေး စုံစမ်းရေးသမားတွေက ဒီကနေ့ (အင်္ဂါနေ့) မှာ ဖမ်းဆီးလိုက်လိုက်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။ 

နာဂျစ်ကို သူ့ရဲ့ ကွာလာလမ်ပူရှိ ဂျလန် လင်ဂပ်  ဒူတာ အရပ်က နာဂျစ်ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီသွားတာဖြစ်ကြောင်း၊ မနက်ဖြန် ဇူလိုင်လ ၄ ရက် မနက် ၈နာရီခွဲ မှာ ကွာလာလမ်ပူတရားရုံးမှာ တရားရုံးထုတ်မယ်လို့ သိရပါတယ်။ 

နာဂျစ်ဟာ မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB မှာ အလွဲသုံးစားလုပ်တယ် စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ 

နာဂျစ်ရဲ့ အိမ်ကို အမှတ်အသားမပါတဲ့ ကားသုံးစီး ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်း သိရပါတယ်။ 

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဆက်စပ်နေတဲ့ နေရာ ၆ နေရာကနေ ဒီဇိုင်းနာ လက်ကိုင်အိတ်တွေ ထည့်ထားတဲ့ သေတ္တာပေါင်း ၂၈၄ ခု ၊ ငွေစက္ကူ နဲ့ ကျောက်မျက်ရတနာတွေ ထည့်ထားတဲ့ အိတ်ပေါင်း တစ်ဒါဇင် ကို မေလ ၁၈ ရက် သောကြာနေ့မနက်ပိုင်းက သိမ်းဆည်းရရှိခဲ့ ပါတယ်။

အဲဒီ သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေကို ရေတွက်တန်ဖိုးဖြတ်ဖို့အတွက် မေလ ၂၁ ရက်နေ ဇွန်လ ၂၅ အထိ တစ်လကျော် အချိန်ယူခဲ့ရကြောင်း ဒီလောက်များပြားတဲ့ ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တာ မလေးရှားသမိုင်းမှာ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ ၂၇ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ ဆက်စပ်နေတဲ့ နေရာ ၆ နေရာက သိမ်းဆည်းရရှိသည့် ပစ္စည်းများ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၇၃ သန်း ရှိကြောင်း ၊ အဲဒီပစ္စည်းများထဲမှာ ငွေကြေးများ၊ အဖိုးတန်လက်ဝတ်ရတနာများ၊ လက်ပတ်နာရီများနှင့် အဖိုးတန်လက်ကိုင်အိတ်များ ပါဝင်ကြောင်း စာရင်းမှာ ဖော်ပြထားပါတယ်။

MDN.