မလှိုင်မြို့ မြေစာရင်းရုံးအနီးတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လျှပ်စစ်မီးတိုင်အား ဝင်တိုက်မိ

မလှိုင် ၂၄ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အမှတ်(၂)ရပ်ကွက်၌ ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လျှပ်စစ်မီးတိုင်အားတိုက်မိရာ ထက်ပိုင်းကြိုးပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မလှိုင်မြို့ အမှတ်(၂)ရပ်ကွက် မြင်းခြံ-မိတ္ထီလာသွားကားလမ်း မိုင်တိုင်အမှတ် ၂၂/၁ နှင့် ၂ အကြား မလှိုင်မြို့ မြေစာရင်းရုံအနီးတွင် မလှိုင်မြို့ထဲဘက်မှ ဆည်တိုရွာဘက်သို့ မလှိုင်မြို့ ဆည်တိုကျေးရွာနေ ယာဉ်မောင်း အာကာ(ခ)အာကာလွင် (၂၁)နှစ် မောင်းနှင်လာပြီး ၄င်းနှင့်တစ်ရွာတည်းနေ မျိုးမင်းသူ(၁၉)နှစ် လိုက်ပါလာသော ယာဉ်အမှတ် 3E/---CANTER အမျိုးအစား အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်ခြမ်းရှိ လျှပ်စစ်ဓာတ်တိုင်အား ဝင်ရောက်တိုက်မိရာ ဓာတ်တိုင်မှာ ခါးလည်မှကျိုး၍ ပျက်စီးသွားခဲ့ကြောင့် လူထိခိုက်မှုမရှိသော်လည်း ယာဉ်မှာ ရှေ့လေမှန် ကြေမွပျက်စီးခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။

 

ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အာကာ(ခ)အာကာလွင်အား မလှိုင်မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)

 

1