မြန်အောင်မြို့၏ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှား

နေပြည်တော် ၅ ဇူလိုင်


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (ဝ၆)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်အောင်မြို့၏ အနောက်တောင်ဘက် (၂၂)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.ဝ၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၄) ဒီဂရီ၊ အနက် (၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ သိရသည်။


MDN