မြန်အောင် ဇွန် ၁၀

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့ အထက(ကနောင်) ဧရာနောင်ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြန်‌အောင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများက အသက် (၁၀) နှစ်နှင့် အထက်ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်‌ရေးကတ် ပြုလုပ်‌ပေးခြင်းနှင့် လိုအပ်သည့် အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစ‌နေထွန်းနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဦးသာ