မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံ အိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး 

မြန်အောင် ဇွန် ၂၃ 

ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို ညောင်မြစ်ဆွဲ ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ အိမ်ထောင်စုများအား တစ်ပိသာ ၅၉၂၀ ကျပ်နှုန်းဖြင့် စားအုန်းဆီ ၁၁၀ ပိဿာ ရောင်းချပေးခဲ့ကြောင်းသိရသည်။

 မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ညောင်မြစ်ဆွဲကျေးရွာအခွန်လွတ်စျေးရှေ့၌ အခြေခံ အိမ်ထောင်စုဝင်များကို  စားအုန်းဆီ ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင့်နိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန်  မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကို ဆီကိုယ်စားလှယ် (၆) ဦးမှ သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)