မြန်အောင် ဇွန် ၁၇

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်သမဝါယမဦးစီးဌာန မြန်အောင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က မြန်အောင်မြို့နယ် မကျီးကွင်းကျေးရွာ၌ ပြုလုပ်သည်။

 

ဦးစွာ မြန်အောင်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းသူက မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများထံ သွင်းအားစုများ ဖြန့်ဖြူးပေးနိုင်မှုအခြေ‌အနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မိုးစပါးစိုက်ပျိုးမည့်သမဝါယမအသင်းသား တောင်သူများ၏ လယ်ဧက ၅၀၀ အတွက် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် ၅၀၀ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

 

ဝင်းဗိုလ်(ပြန်/ဆက်)