မံစီမြို့နယ်၌ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မံစီ   ဖေဖော်ဝါရီ  

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၊ ကောင်ရာရပ်ကွက်ရှိ မန်ချက်စတာ(မြက်ခင်းတု) ဖူဆယ်ဘောလုံး အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက စတင်ယှဉ်ပြိုင်ကြသည်။

 

အဆိုပါဘောလုံးပြိုင်ပွဲတွင် မံစီမြို့နယ်အတွင်းမှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြပြီး စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၂၀ ရှိရာ အုပ်စုတစ်စုလျှင် အသင်း ငါးသင်းစီဖြင့် အုပ်စု လေးအုပ်စု ခွဲ၍ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ဖေဖော်ဝါရီ ၁၂ ရက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)