မံစီ၌ မီးပလတ်ခုံ ဝိုင်ယာရှော့ခ်ဖြစ်၍ နေအိမ်မီးလောင်မှုဖြစ်

မံစီ  ၆  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ် မံစီမြို့၌ ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်က နေအိမ်အတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မီးပလတ်ခုံ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ နေအိမ်မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်မှာ မံစီမြို့ ကောင်ရာရပ်ကွက်၊ ကံ့ကော်လမ်းရှိ အိမ်ရှင် ဦးလဖိုင်လမြော် (၇၆)နှစ်၏ နေအိမ်တွင် တပ်ဆင်အသုံးပြုထားသည့် လျှပ်စစ်မီးပလတ်ခုံ ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းကာ မီးဖိုဆောင်နှင့် ဦးဇော်ဆိုင်း၏ နေအိမ်တို့ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

 

2

 

မီးလောင်ကျွမ်းရာသို့ မံစီမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်ငြှိမ်းသတ်မှုကြောင့် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်လုံး၊ မီးဖိုဆောင်တစ်ခု မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသူ ဦးလဖိုင်လမြော်အား မံစီမြို့ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)