မန်စီးတီးအသင်းနဲ့ အာဆင်နယ် အသင်းတို့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ဖလား ရရှိနိုင်မယ့်အခွင့်အရေးနဲ့ ပိုမို နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ အိမ်ရှင်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၁၆ မိနစ်မှာ ချာကီက တစ်ဂိုး၊ ဒုတိယပိုင်း ပွဲကစားချိန် ၆၅ မိနစ်မှာ ဟာလန်းက တစ်ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့  ပထမပိုင်း ပွဲကစားချိန်   ၁၈  မိနစ်မှာ ကိုင်ဟာဗက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် ၃၃ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၆၇ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။  အာဆင်နယ်အသင်းကတော့  မန်စီးတီးအသင်းကို  ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၇၀ အထိ  စုဆောင်း ထားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ  ဆက်လက်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို    အနိုင်ရရှိခဲ့ပြီး ကာရာဘောင်ဖလား ချန်ပီယံဖြစ်ခဲ့တဲ့အပြင် လက်ရှိအချိန်မှာ   ပရီမီယာလိဂ်ချန်ပီယံဖြစ်လာမယ့် အခွင့်အရေးအတွက်လည်း အပြိုင်ဖြစ်နေတာ ဖြစ်ပါတယ်။                

ငွေကြယ်