အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ မတ် ၂၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရပြီး ကာရာဘောင်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို အိုရီလိုင်းက ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၆၀ နဲ့ ၆၄ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ကာရာဘောင်ဖလား ချန်ပီယံဖြစ်လာဖို့ ရေပန်းစားနေပေမယ့် နည်းပြအာတီတာအနေနဲ့ အသင်းအတွက် အားထားရတဲ့ ပထမဦးစားပေးဂိုးသမား ဒေးဗစ်ရာယာကို အသုံးမပြုဘဲ ဂိုးသမားကီပါကို အသုံးပြုခဲ့ရတာကြောင့် ဆုဖလားနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ အာဆင်နယ်အသင်းကို အနိုင်ရပြီး ကာရာဘောင်ဖလား ဆွတ်ခူးနိုင်ခဲ့တာကြောင့် နည်းပြ ဂွါဒီယိုလာဟာ ကာရာဘောင်ဖလားကို ငါးကြိမ်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေထွက်ခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ ကာရာဘောင်ဖလား ချန်ပီယံဖြစ်ခွင့်နဲ့ လွဲခဲ့ရပေမယ့် လက်ရှိအချိန်အထိ ချန်ပီယံလိဂ်ဖလား၊ ပရီမီယာလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့မှာ ချန်ပီယံဖြစ်လာဖို့ရှိတာကြောင့် တစ်ရာသီအတွင်း ဖလားသုံးလုံးဆွတ်ခူးနိုင်မယ့် အခွင့်အရေးရှိနေသေးတာ ဖြစ်ပါတယ်။
ငွေကြယ်


