မန်စီးတီးကစားသမား ဇင်ချန်ကို အာဆင်နယ်သို့ အပြီးသတ်ပြောင်းရွှေ့

အာဆင်နယ်အသင်းသည် ပြိုင်ဘက်မန်စီးတီးအသင်းမှ စွယ်စုံရ ယူကရိန်းကစားသမား ဇင်ချိန်ကိုကို အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အာဆင်နယ်အသင်းသည် အဆိုပါ ကစားသမားကို အပိုဆု ကြေးပေါင် နှစ်သန်းအပါအဝင်ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် အဆိုပါ ကစားသမားသည် အာဆင်နယ်အသင်းနှင့် ကာလရှည်စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အာဆင်နယ် ၏ ယခုနှစ်ရာသီခေါ်ယူသည့် ငါးဦးမြောက် ကစားသမားဖြစ်လာခဲ့ သည်။ ထို့အပြင် ဇင်ချန်ကိုသည် ယခုလအစောပိုင်းတွင် ပေါင် ၄၅ သန်းဖြင့် ဘရာဇီးတိုက်စစ် ကစားသမား ဂါဘရီရယ် ဂျီးဆပ်ပြီးနောက် အီတီဟက်မှ အမ်းမရိတ်သို့ ပြောင်းရွှေ့လာသည့် ဒုတိယ မြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။

ဇန်ချန်ကိုသည် မန်စီးတီးအသင်းသို့ ၂၀၁၆ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂၈ ပွဲ ပါဝင်ကစားထားပြီး နှစ်ဂိုးသွင်းယူပေးထားသည်။ ထို့အပြင် ၎င်းသည် မန်စီးတီးအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ကို ဆွတ်ခူးရရှိထားသည်။

အောင်ဇော်