မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်း ပစ်မှတ်ထားနေ

ချယ်လ်ဆီးအသင်းဟာ ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

တောင်ပံကစားသမား စတာလင်ရဲ့ မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာ နောက်ဆုံး နှစ်အတွင်း ဝင်ရောက်လာခဲ့ပြီဖြစ်တာကြောင့်လည်း မန်စီးတီးအသင်းမှာ အနာဂတ်ဆက်ရှိနေမယ့် အရေးကိစ္စဟာ မသေချာတဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ တောင်ပံကစားသမား စတာလင်ကို ဥရောပထိပ်တန်းကလပ်အသင်း  အများစုက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ စတာလင်ကို စတမ်းဖို့ဒ် ဘရစ်ချ်အရောက်ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားတာလည်း ဖြစ်ပါတယ်။

တောင်ပံကစားသမား စတာလင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံအရန်ခုံမှာပဲ ကျေနပ်ခဲ့ရတာဖြစ်ပေမယ့် ပရီမီယာလိဂ်ပြိုင်ပွဲ မှာတော့ ပွဲစဉ် ၃၀ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ရာမှာ သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ကာ မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်ဟာ လက်ရှိမှာ ကစားသမားဘဝ တစ်လျှောက် ပရီမီယာလိဂ်သွင်းဂိုး ၁၀၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။

ငွေကြယ်