မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 

မင်းဘူး  ဇူလိုင်  ၁၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပညာရေးဝန်ထမ်းများကို ဇူလိုင် ၉ ရက်က မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းများရေးဦးစီးဌာနမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင်လ ၈ ရက်နှင့် ၉ ရက် နေ့များတွင် ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံမည့် ပညာရေးဝန်ထမ်းများနှင့် ဆရာ/ ဆရာမ စာရင်းပေး လူဦးရေ (၂၀၁) ဦးရှိပြီး ပထမရက်တွင် ကျား (၂၁) ဦး၊ မ (၆၃) ဦး၊ ဒုတိယရက်တွင် ကျား (၇)၊ မ (၂၃) ဦး စုစုပေါင်း (၁၁၄) ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

“ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ သတ်မှတ်စည်းကမ်းချက်တွေဖြစ်တဲ့ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားတဲ့ အထဲမှာ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဆီးချိုရောဂါအခံရှိသူတွေ ပါလာရင်တော့ ကာကွယ်ဆေး ထိုးနှံပေးလို့မရပါဘူး” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ လက်ထောက်ဆရာဝန် တစ်ဦးက ပြောသည်။

 

အဆိုပါ ပညာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် Volunterr များက ပထအကြိမ်ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)