မင်းဘူး(စကု) မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်များ အမိုးလန်ပျက်စီး

မင်းဘူး ၂၃ မေ    

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် မေ ၂၂ ရက် ညနေ ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူး(စကု) မြို့နယ်၊ မြောင်းဦးကျေးရွာအုပ်စု၊ မြောင်းဦးကျေးရွာတွင် နေအိမ်(၁) လုံး အမိုးလန်ပျက်စီးခြင်း၊ ကဘဲ့မကျီးချောင်းကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာတွင် နေအိမ်(၈) လုံး အမိုးလန်ပျက်စီးခြင်း၊ မကျီးချောင်းကျေးရွာတွင် နေအိမ်(၃) လုံး အမိုးလန်ပျက်စီးခြင်း၊ ခံကုန်းကျေးရွာအုပ်စု၊ ခံကုန်းကျေးရွာတွင် နေအိမ်(၃၈) လုံး အမိုးလန်ပျက်စီးခြင်း၊ ပေါင်းရွာတွင် နေအိမ်(၁၈) လုံး အမိုးလန်ပျက်စီးခြင်း၊ ကြောင်ပန်းကုန်းကျေးရွာတွင် နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခြင်း၊ ဘုမ္မနိုးကျေးရွာတွင် ဘာသာရေး အဆောက်အဦ(၄) လုံး အမိုးလန်ပျက်စီးခြင်း၊ နေအိမ်(၄) လုံးပြိုလဲ၍ (၆၄) လုံး အမိုးလန်ပျက်စီးခြင်း၊ ပေါင်းရွာ ကျေးရွာအုပ်စု၊ ပေါင်းရွာတွင် ဘာသာရေးအဆောက်အဦ(၁) လုံးပြိုလဲခြင်း၊ (၂)လုံး အမိုးလန်ခြင်း၊ လူနေအိမ်(၂) လုံးပြိုလဲခြင်း၊ (၁၀) လုံးအမိုးလန်ပျက်စီးခြင်း၊ ပင်းတလဲကျေးရွာတွင် လူနေအိမ်(၉) လုံး အမိုးလန်ပျက်စီးခြင်း၊ ထနောင်းတောကျေးရွာအုပ်စု၊ ထနောင်းတောကျေးရွာတွင် ဘာသာရေး အဆောက်အဦ(၁) လုံးအမိုးလန် ပျက်စီးခြင်း၊ လူနေအိမ် (၇) လုံး အမိုးလန်ပျက်စီးခြင်း၊ တောဘို့ကုန်းကျေးရွာတွင် ဘာသာရေးအဆောက်အဦ(၁) လုံး အမိုးလန်ခြင်း၊ လူနေအိမ်(၂) လုံးပြိုလဲခြင်း၊ (၁၄) လုံးအမိုးလန်ပျက်စီးခြင်း၊ ဖလံတောကျေးရွာအုပ်စု၊ သီးကုန်း ကျေးရွာတွင် လူနေအိမ်(၅) လုံးအမိုးလန်ပျက်စီးခြင်း၊ ဇီးအိုင်ကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာတွင် ဘာသာရေး အဆောက်အဦ(၁) လုံးအမိုးလန်ပျက်စီးခြင်း၊ စုစုပေါင်း ဘာသာရေးအဆောက်အဦ(၁) လုံးပြိုလဲခြင်း၊ (၉) လုံးအမိုးလန်ခြင်းနှင့် လူနေအိမ်(၁၄) လုံးပြိုလဲ၍ (၁၈၇) လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘာသာရေးအဆောက်အဦများနှင့် နေအိမ်များအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူးတို့အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ပြိုလဲပျက်စီးနေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူပေါင်း၍ ပြန်လည်ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

မျိုးမြတ်(မင်းဘူး)

 

01.