မင်းဘူး(စကု) မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ (၁၄၅၅၃) သိန်း ထုတ်ချေးပြီးဖြစ်

မင်းဘူး ၁၈   ဇွန်    


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၆) ရက်နေ့မှ စတင်ထုတ်ချေးလျက်ရှိရာ ဇွန်လ(၁၇) ရက်နေ့အထိ ကျေးရွာအုပ်စု(၂၃) အုပ်စုမှ တောင်သူ (၂၁၆၉) ဦး၏ စုစုပေါင်း (၁၁၉၈၆) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၁၄၅၅၃)သိန်း ထုတ်ချေးပြီး ဖြစ်ကြောင်း မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစိုးမင်းဝင်းထံမှ သိရသည်။


မင်းဘူး(စကု) မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၆၇) အုပ်စုမှ လယ်သမားဦးရေ တစ်သောင်းကျော်၏ မိုးစပါးစိုက်ဧက ၃၀ဝ၀ဝ ကျော်နှင့် အခြား သီးနှံစိုက်ဧက (၃၀ဝ၀ဝ) ကျော်အတွက် ချေးငွေကျပ်သိန်းပေါင်း (၇၅၀ဝ၀) ကျပ် လျာထားခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု (၂၃) အုပ်စုမှ တောင်သူ (၂၁၆၉) ဦး၏ စပါးဧက (၅၁၃၄) ဧကနှင့် အခြားသီးနှံ (၆၈၅၂) ဧကအား စိုက်ပျိုးစရိတ်ချေးငွေ (၁၄၅၅၃) သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို (၂၀၁၉)ခုနှစ် မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည် ဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ကျပ်(၁၅၀ဝ၀ဝ)နှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀ဝ၀ဝ၀ နှုန်း ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။


ကျော်စိုးဝင်း(မင်းဘူး)