မင်းဘူး ဇွန် ၃

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မင်းဘူးခရိုင် ဘဏ်ခွဲရုံး၌ ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဘဏ်ခွဲမန်နေဂျာ ဒေါ်နွယ်နွယ်စိုးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက စကုမြို့ အမှတ်(၃)ရပ်ကွက်မှ ဒေသခံတောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။       

မောင်မောင်(မင်းဘူး)