မင်းဘူး(စကု)မြို့နယ်တွင် ဆိုလာစနစ် ရေသွင်းစိုက်ပျိုးခြင်းဖြင့် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုး

မင်းဘူး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေးကျေးရွာတွင် ဆိုလာစနစ် ရေသွင်းစိုက်ပျိုးခြင်းဖြင့် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုးခြင်းကို မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး အရှေ့ဘက်ကွင်း၊ ကွင်းအမှတ် (၁၂၈၄) ဒေါ်သန်းသန်းဌေး၏ လယ်ယာမြေ (၁၃ ဒသမ ၇၃) ဧကပေါ်တွင် စတင်လုပ်ဆောင် စိုက်ပျိုးလျက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေ ၆၀ ဒသမ ၅၀ သန်းဖြင့် အောင်ဇေကုမ္ပဏီက တာဝန်ယူကာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ 7.6 KW ဆိုလာစနစ်ဖြင့် ၄ လက်မခွဲ PVC (၄၀၀)ပေ မြေအောက်ရေတွင်း (၂)တွင်း တူးဖော်၍ စက်တင်ဘာ ၈ ရက်မှ စတင်ဆောက်လုပ်လျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ငန်းများအားလုံး ပြီးစီးမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)