မင်းဘူးမြို့ အဝေးပြေးယာဉ်ရပ်နားကွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

မင်းဘူး      ၂   ဧပြီ        

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အဝေးပြေးယာဉ်ရပ်နားကွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့ အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရာတွင် မင်းဘူး ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးစိုးမြင့်         ဉီးဆောင်၍ တပ်ဖွဲ့ဝင်အင်အား(၁၀)ဉီးနှင့် ပုဂ္ဂလိက ပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းပေါင်းစုံများ ကြီးကြပ်ရေးကော်မတီ(မင်းဘူး) ဉက္ကဌ ဉီးလှအောင်တို့ ပါဝင်သော အဖွဲ့ဝင်များသည် မော်တော်ယာဉ်ရပ်နားကွင်းတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့အား ကားရပ်နားကွင်းအတွင်းရှိ မော်တော်ယာဉ်ဂိတ်များနှင့် ကားကွင်းအပြင် ဈေးဆိုင်တန်း များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မော်တော်ယာဉ်ရပ်နားကွင်း အတွင်း/အပြင် များရှိ ဆိုင်ခန်းများအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ 

ကျော်စိုးဝင်း(မင်းဘူး)