မင်းဘူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ မကွေးစက်မှုလက်မှုသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

မင်းဘူး စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ မကွေးမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား ကျောင်းသူ ၂၂ ဦး၊ ကြီးကြပ်သူ ဆရာ၊ ဆရာမ ၃ ဦးတို့က စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် လာရောက်လေ့လာခဲ့ကြသည်။

ဦးစွာ မင်းဘူးမြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံမှ အင်ဂျင်နီယာမှူး ဦးစောရင်မွေးက ရုပ်မြင်သံကြားထုပ်လွှင့်မှုတွင် Analogue နှင့် Digital နှစ်မျိုးရှိပြီး Analogue ရုပ်သံလိုင်းတွင် ၁၀ ကီလိုဝပ်၊ Digital DVB T2 စနစ်တွင် ၃ ကီလိုဝပ်အပြင် FM Radio ထုတ်လွှင့်ပုံများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများက စက်ပိုင်းဆိုင်ရာများ၊ အဆင့်ဆင့်ရုပ်သံထုတ်လွှင့်ပုံများ၊ ဂြိုလ်တုမှဖမ်းယူ၍ ဒေသတွင်း ပြန်လည်ထုတ်လွှင့်ပေးပုံများနှင့် Digital နှင့် Analogue ရုပ်သံလိုင်းနှစ်မျိုးကို လေ့လာရာတွင် မိမိတို့ သင်ယူထားသော ဘာသာရပ်နှင့် ဆက်စပ်နေသည့်အတွက် များစွာအထောက်အကူ ဖြစ်ပါကြောင်းနှင့် ယခုလို စက်ပိုင်းဆိုင်များ ရုပ်သံလိုင်းအဆင့်ဆင့် ထုတ်လွှင့်ပုံများကို လိုက်လံရှင်းလင်းပြသ ဖြေကြားပေးမှုအား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဇေယျာထက်(မင်းဘူး)