မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မင်းဘူး  စက်တင်ဘာ  ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေ ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက မင်းဘူးမြို့  ကုလားကုန်း အဝိုင်းပတ်တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်ဝင်းနှင့်အတူ ခရိုင်နှင့် မြို့နယ်မှ စီမံအဖွဲ့ဝင်များ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့များပါဝင်သော ပူးပေါင်း အဖွဲ့တို့က ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွား၊ လမ်းလာ ရပ်ကွက်နေ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်းများအပြင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်ရေးတို့ကို လှည့်လည်နှိုးဆော်ကာ Mask အခုရေ ၂၅၀၀ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)