မင်္ဂလာဒုံနှင့် မူဆယ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၁ 

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၄ နာရီ ၄၅ မိနစ်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂/ခ)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ ဟိုတယ်အခန်းအမှတ်(၁၀၃)သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ အခန်းတွင်းရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ကိုလည်းကောင်း။

 

အလားတူ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်(မိုင်းယု) ကျေးရွာအုပ်စု၊ ၁၀၅ မိုင် (မိုင်းယု)ကျေးရွာအနီးတွင် တိန်ကြားချိန် မောင်းနှင်လာသည့် LAND CRUISER အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ဆီတိုင်ကီအံဝှက်အတွင်းနှင့် ယာဉ်အပိုဘီးအတွင်းတို့မှ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

(ရဲပြန်ကြား)