မွန်ဂိုလီးယား၌ လေပြင်းမုန်တိုင်းနှင့် အဝါရောင်ဖုန်မုန်တိုင်း သတိပေးချက်များ ထုတ်ပြန်

အူလန်ဘာတာ   မေ   ၅

 

လေပြင်းမုန်တိုင်းနှင့်    အဝါရောင် ဖုန်မုန်တိုင်း   သတိပေးချက်များ ကို   မွန်ဂိုလီးယား    မိုးလေဝသ နှင့်      ပတ်ဝန်းကျင်   စောင့်ကြည့် ရေးအေဂျင်စီက      မေ  ၅ ရက် တွင်         ထုတ်ပြန်ကြေညာလိုက် သည်။

 

လေပြင်းမုန်တိုင်းနှင့်     အဝါ ရောင်        ဖုန်မုန်တိုင်းများသည် ဒွန်ဒ်ဂိုဘီ၊ အွန်နူဂိုဘီနှင့် ဒေါ်နိုဂိုဘီ ကဲ့သို့သော  နိုင်ငံ၏  တောင်ဘက် ပိုင်းရှိ    ဂိုဘီသဲကန္တာရပြည်နယ် များသို့    တိုက်ခတ်နိုင်ကြောင်းနှင့် လေတိုက်နှုန်းမှာ      တစ်စက္ကန့် လျှင် ၁၈ မီတာမှ    ၂၄ မီတာအထိ ရောက်ရှိနိုင်ကြောင်း      ရာသီဥတု စောင့်ကြည့်ရေး      အေဂျင်စီက ပြောကြားသည်။ 

 

မွန်ဂိုလီးယားနိုင်ငံ၌    ဖုန်မှုန့် နှင့်  နှင်းမုန်တိုင်းများသည်  နွေဦး တွင်     တိုက်ခတ်လေ့ရှိကြောင်း၊ ၂၀၂၁ ခုနှစ်    မတ်လတွင်   မွန်ဂို လီးယားနိုင်ငံ၌       ဖုန်မှုန့်နှင့် ဖုန်မုန်တိုင်းများကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ