မေ ၃၀
မွန်ဂိုလီးယားနိုင်ငံ၏မြို့တော်တွင် ယမန်နေ့က ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး ရိုလာကိုစတာစီးနေစဉ် သေဆုံးမှုဖြစ်ပွားခဲ့သည်။
အဆိုပါမတော်တဆမှုသည် Ulan Bator ခရိုင် Sukhbaatar ပြည်နယ်ရှိ ကလေးများပန်းခြံဟု လူသိများသည့် အပန်းဖြေဉယျာဉ်တွင် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရိုလာကိုစတာစီးခြင်းပြီးဆုံးချိန်တွင် ယင်းသေဆုံးသူကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့က ပြောကြားသည်။
ထိုအမျိုးသားသည် နှလုံးရပ်သေဆုံးသွားခြင်းဖြစ်သည်ဟု ယူဆရသည်။ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို