မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ရှစ်လနီးပါးအကြာ ကူးစက်မှုအနည်းဆုံးဖြစ်လာ

နိုဝင်ဘာ ၂၂

 

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၇ ဦးထပ်မံတွေ့ရှိခဲ့ရာ မတ်လ ၂၅ ရက်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားမှုတွင် ကူးစက်မှုအရေအတွက် အနည်းဆုံးဖြစ်လာကြောင်းနှင့် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၃၇၈၃၅၃ ဦးအထိ ရှိကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်ရက်က အသက် ၄၀ ကျော် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ရှစ်ဦးသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၁၈၇၅ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားဆဲလူနာ ၂၅၀၂၈ ဦး ရှိသည်။

 

လူဦးရေ ၂ ဒသမ ၂၄ သန်း၊ နိုင်ငံလူဦးရေ၏  ၆၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

၎င်းတို့အနက် အသက် ၁၈ နှစ်အထက်ရှိ လူ ၅၆၅၆၃၆ ဦးသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနက လူဦးရေ၏ထက်ဝက်ခန့်ကို ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံရန် အကြံပြုပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို