စက်တင်ဘာ ၁၃
မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၅၁ ဦး တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၅၇၇၇၀ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၀၄၆ ဦး ရှိလာသည်။
လက်ရှိတွင် ကျန်းမာရေးဆိုးရွားစွာခံစားနေရသူ ၂၈၆ ဦး အပါအဝင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၆၃၂၀၇ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုစတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံအတွင်းရှိလူဦးရေ ၃ ဒသမ ၄ သန်းနီးပါး၏ ၆၀ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေး ထိုးနှံမှုပြုလုပ်ရန် ရည်ရွယ်ထားသည်။
ယနေ့အထိ နိုင်ငံလူဦးရေ၏ ၆၉ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးခဲ့ပြီး ၆၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို