မတ် ၂၄
မွန်ဂိုလီးယားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၇၅၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ အင်န်အီးအမ်အေက ယနေ့တွင်ပြောကြားသည်။
အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် ပြည်နယ်ရှစ်ခုတွင် အိမ်ထောင်စု ၃၉ စု၏နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။
ခြောက်သွေ့သောရာသီဉတုတွင်မြေပြင်ပေါ်သို့စီးကရက်မီးများပစ်ချခြင်းမပြုလုပ်ကြရန် အူလန်ဘာတာနှင့် အခြားပြည်နယ် များရှိ ဒေသခံများအား သတိပေးပြောကြားထားသည်။
မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တောမီးလောင်ကျွမ်းမှု ၁၃၇ ကြိမ် ဖြစ်ပွားခဲ့သည်။ နိုင်ငံအရှေ့ပိုင်းပြည်နယ်များဖြစ်သော ဆုခ်ဘာတာ၊ ခန်တီနှင့် ဒါနော့တို့တွင် တောမီးလောင်ကျွမ်းမှု အများဆုံးစံချိန်တင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို