မွန်ဂိုလီးယားနိုင်ငံတွင် လေပြင်း၊ ဖုန်မှုန့်မုန်တိုင်းများ တိုက်ခတ်မှုတို့ကြောင့်  နေအိမ်များဆုံးရှုံးမှုဖြစ်ပွား

မေ ၂၁

 

မွန်ဂိုလီးယားနိုင်ငံ အနောက်ပိုင်း ဂိုဗီ-အယ်လ်တိုင်ပြည်နယ်တွင် လေပြင်း၊ဖုန်မှုန့်မုန်တိုင်းများတိုက်ခတ်မှုကြောင့် မိသားစု ၁၅ စု၏နေအိမ်များ ဆုံးရှုံးသွားကြောင်း အမျိုးသာအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယနေ့တွင် ပြောကြားခဲ့သည်။

 

ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တိုက်ခန်းပေါင်း ၃၀ ခန့်၏ ခေါင်မိုးများ၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ဆေးရုံတစ်ရုံတို့ ပျက်စီးခဲ့သည်ဟု အရေးပေါ်အေဂျင်စီက ပြောကြားသည်။ မော်တော်ယာဉ် ၁၃ စီးထက်မနည်း ယာဉ်များ၏ပြတင်းပေါက်မှန်များ ကွဲကြေသွားခဲ့သည်။

 

မွန်ဂိုလီးယားနိုင်ငံတွင် နွေဦးရာသီအတွင်း လေပြင်းများတိုက်ခတ်ခြင်း၊ ဖုန်မှုန့်မုန်တိုင်းများနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်ခြင်းတို့သည် သာမန်ဖြစ်နေကျ ရာသီဉတုဖြစ်စဉ်များ ဖြစ်သည်။

 

လေပြင်းတိုက်ခတ်ခြင်းနှင့် ပြင်းထန်သောဖုန်မှုန့်မုန်တိုင်းများ တိုက်ခတ်ခြင်းတို့ကြောင့် မတ်လလယ်က တိရစ္ဆာန်များ ထိန်းကျောင်းနေသူ ၁၀ ဦးနှင့် ခြံမွေးတိရစ္ဆာန်များ ထောင်ပေါင်းများစွာတို့ သေဆုံးခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို