မွန်ဂိုလီးယားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃ ဦး ထပ်မံတွေ့ရှိ

၁၄ ဇူလိုင်

 

 

မွန်ဂိုလီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၁၃ ဦး တွေ့ရှိခဲ့ရပြီး ကူးစက်ခံရသူ ၂၄၃ ဦးအထိ ရှိလာကြောင်း ကူးစက်ရောဂါဆိုင်ရာ အမျိုးသားစင်တာ (NCCD) က ယနေ့ ပြောကြားခဲ့သည်။

 

 

နိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့က လူ ၁၆၈ ဦးကို ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ၎င်းတို့ထဲမှ ရောဂါကူးစက်ခံရသူ ၁၃ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု NCCD အကြီးအကဲ ဒူလ်မာနမ်ခူ က နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၁၀ ဦးမှာ ယမန်နေ့က စင်းလုံးငှား လေယာဉ်ဖြင့် အာဖဂန်နစ္စတန် နိုင်ငံမှ ပြန်လာသော မွန်ဂိုတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း နမ်ခူက ပြောကြားသည်။

 

 

ကျန် သုံးဦးမှာ မွန်ဂိုလီးယား နိုင်ငံသားများဖြစ်ပြီး မကြာသေးမီက ပြည်ပမှ ပြန်လာခဲ့ပြီး သီးခြားကန့်သတ်ထားရာ နေရာများတွင် နေထိုင်နေသူများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦးကို တွေ့ရှိရပြီး ပြန်လည် ကျန်းမာလာသူပေါင်း ၂၀၄ ဦး ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

 

နိုင်ငံတွင်းရှိ ကူးစက်ခံရသူ အားလုံးသည် ပြည်ပပြန်များ ဖြစ်ကြောင်းနှင့် ပြည်တွင်း ကူးစက်မှုများ မရှိကြောင်း (သို့မဟုတ်) ယခုချိန်အထိ သေဆုံးသူမရှိကြောင်း NCCD က ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

2429