မြင်းခြံစက်ဘီးချစ်သူများအဖွဲ့ ပြောင်းပြာဆည်နှင့် စွန်းလွန်းဆည်များသို့ စုပေါင်းစက်ဘီးစီးနင်း

မြင်းခြံ  ၁  မတ်


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ စက်ဘီးချစ်သူများအဖွဲ့ အသင်းပြန်လည်ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းစက်ဘီးစီးခြင်းကို ယနေ့ နံနက် ၆ နာရီက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှ စတင်စီးနင်းခဲ့ကြောင်း သိရသည်။


အဆိုပါ မြင်းခြံစက်ဘီးချစ်သူများအဖွဲ့သည် အဖွဲ့လိုက် စုပေါင်းစက်ဘီးစီးနင်း၍ ပုပ္ပါးတောင်မကြီးသို့ သွားရောက်ခြင်း၊ ပုဂံ-ညောင်ဦးသို့ သွားရောက်ခြင်း၊ အလောင်းတော်ကဿပသို့ သွားရောက်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စက်ဘီးစီးနင်းသူများ တိုးပွားလာသဖြင့် ပြန်လည်ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ပြောင်းပြာဆည်နှင့် စွန်းလွန်းဆည်များသို့ စုပေါင်းစီးနင်းခြင်းဖြစ်ကြောင်း စက်ဘီးချစ်သူများအဖွဲ့ နာယက ဦးမြမောင်က ပြောသည်။

 

‌ေ

 


ထိုသို့ စက်ဘီးစီးနင်းရာတွင် အသွားအပြန် မိုင် ၂၀ ခန့်ရှိပြီး အလှူရှင်များမှ အစားအစာများ လှူဒါန်းခြင်းအပြင် လိုက်ပါ စီးနင်းသူများကို စက်ဘီးတစ်စီး ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စက်ဘီးစီးအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၆၀ ဦးရှိကြောင်း သိရသည်။


ဇော်မင်းနိုင်(မြင်းခြံ)