မြင်းခြံဒီဂရီကောလိပ် ဘာသာရပ်ပေါင်းစုံ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြင်းခြံ ၂၄ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြင်းခြံဒီဂရီကောလိပ် ဘာသာရပ်ပေါင်းစုံ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

24

 

အခမ်းအနားတွင် မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်က ဆုရရှိသော ကျောင်းသားများနှင့် အထူးဆုရရှိသော ကျောင်းသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြင်းခြံဒီဂရီကောလိပ် စစ်တုရင်အသင်းဥက္ကဋ္ဌ ဒေါ်ခင်ချို ပထဝီဝင်ဌာနမှ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးသည့် မြင်းခြံမြို့နယ် စစ်တုရင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

3

 

“မိမိတို့ ကျောင်းအနေဖြင့် နှစ်စဉ်ပြိုင်ပွဲများ ပြုလုပ်ပေး၍ ဆုရရှိသူများကို တက္ကသိုလ် ကောလိပ်အဆင့် ပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင်လျက်ရှိပြီး စစ်တုရင် အခြေခံသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း” မြင်းခြံဒီဂရီကောလိပ် စစ်တုရင်အသင်း အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှ စတင်ကျင်းပခဲ့ပြီး ယနေ့တွင် နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)