မြင်းခြံခရိုင်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူပေါင်း (၆၃၂) ဦးရှိ

မြင်းခြံ ၈ ဇွန်

 

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ၂၀၁၉ခုနှစ် ဇွန်လ(၈)ရက်၊ စနေနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ထုတ်ပြန်ကြေငြာခဲ့ရာ မြင်းခြံခရိုင်တွင်လည်း အချိန်နှင့်တစ်ပြေးညီ ကြေညာခဲ့ကြောင်း သိရှိရသည်။

 

rgerg

 


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် စာစစ်ဌာနတွင် ဖြေဆိုသူ (၄၆၈၁) ဦးရှိပြီး အောင်မြင် သူပေါင်း (၁၄၁၆) ဦး၊ တောင်သာမြို့နယ်တွင် ဖြေဆိုသူ (၄၉၆၃) ဦးရှိပြီး အောင်မြင်သူပေါင်း (၁၃၄၂) ဦး၊ နွားထိုးကြီးမြို့နယ်တွင် ဖြေဆိုသူ (၃၄၈၃) ဦးရှိပြီး အောင်မြင်သူပေါင်း (၁၀၆၃) ဦး၊ ငါန်းဇွန်မြို့နယ်တွင် ဖြေဆိုသူပေါင်း (၂၃၃၆) ဦးရှိပြီး အောင်မြင်သူပေါင်း (၇၄၆) ဦးရှိခဲ့ရာ မြင်းခြံတစ်ခရိုင်လုံးအနေဖြင့် ဖြေဆိုသူပေါင်း (၁၅၄၆၃) ဦး ရှိပြီး အောင်မြင်သူပေါင်း (၄၅၆၇) ဦး အောင်မြင်ခဲ့ကြောင်း သိရှိရသည်။ 

 

၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြင်းခြံခရိုင်တွင် ဘာသာစုံဂုဏ်ထူး ရရှိသူ (၄) ဦးရှိရာ မြင်းခြံမြို့နယ် စာစစ်ဌာနမှ ရရှိခဲ့ကြောင်း သိရှိရသည်။ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများထဲမှ (၆)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်   (၁၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၆၅)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၈၈)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၄၅၀)ဦး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ(၆၃၂)ဦး ရှိခဲ့သည်။ ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်ရှိမှုမှာ မြန်မာစာ (၄၆)ဦး၊ အင်္ဂလိပ်စာ(၄)ဦး၊ သင်္ချာ(၄၁)ဦး၊ ဓာတုဗေဒ(၇၁)ဦး၊ ရူပဗေဒ(၅၅)ဦး၊ ဇီဝဗေဒ(၁၈၇)ဦး၊ ဘောဂဗေဒ (၂၄၄)ဦး၊ ပထဝီဝင်(၂၂၀)ဦး၊ သမိုင်း(၈၃)ဦး စုစုပေါင်း  ဘာသာရပ်အလိုက် ဂုဏ်ထူးပါရှိသူ(၉၅၁)ဦးရှိကြောင်း သိရှိရသည်။

 

ဦးဇော်မင်းနိုင် ( မြင်းခြံ )