မြင်းခြံမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

မြင်းခြံ      မေ      ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၆ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ် ခဲ့သည်။

 

အဆိုပါ အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသား သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသော အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။

 

မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၁၉၆ ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

  

ကျော်စွာ(မြင်းခြံ)