မြင်းခြံမြို့နယ်တွင် ဝါယာရှော့ဖြစ်ပြီး ဆေးရွက်သိုလှောင်ရုံမီးလောင်မှုဖြစ်ပွား

မြင်းခြံ   ၁၈  ဖေဖော်ဝါရီ


  
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊အမှတ်(၂၀)ရပ်ကွက် ၊ နယ်မြေ(၅)ရှိ ဦးအောင်ပြည့်ဖြိုး ပိုင်ဆိုင်သောဆေးရွက်ကြီးသိုလှောင်သောဂိုထောင်တွင် ယနေ့ နံနက် ၈ နာရီခန့်က လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

1

 

မီးလောင်မှုဖြစ်ပွားရာသို့မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့ဒု-မီးသတ်ဦးစီးမှူး ဦးအောင် ကိုသန့်နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ်(၅)စီး ၊ မီးသတ်ရေသယ်ယာဉ် (၄)စီး ၊ ပုဂ္ဂလိက ရေသယ်ယာဉ်(၃)စီး တို့ဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၈ နာရီ ၁၅ မိနစ်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။  

 

မီးလောင်မှုကြောင့်(၅၀x၆၀)ပေ သွပ်မိုး ၊ ထရံကာ ၊ မြေစိုက်(၁)လုံးနှင့်(၁၀x၁၀)ပေ သွပ်မိုး ၊ထရံကာ(၁)လုံး ၊  ( ၅၀x၆၀ )သွပ်မိုး ၊ ထရံကာ ၊ မြေစိုက်အဆောက်အဦအနည်းငယ် တို့လောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့သည်။ 

 

မီးလောင်ရာတွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာနှင့်သေဆုံးမှုမရှိကြောင်း သိရှိရသည်။

 

မီးစတင်လောင်ကျွမ်းခဲ့သော ဆေးရွက်ကြီးဂိုထောင်တာဝန်ခံ ဦးရာဇာမင်းအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

ဦးဇော်မင်းနိုင် ( မြင်းခြံ )