မြင်းခြံတွင် အီလက်ထရောနစ်နည်းပညာ ပညာဒါနသင်တန်း အခမဲ့ဖွင့်လှစ်မည်

မြင်းခြံ ၁၈ ဇွန်


မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အီလက်ထရောနစ်နည်းပညာ တိုးတက် မြင့်မားရေးအသင်း (မန္တလေးတိုင်းဒေသကြီး) တို့ပူးပေါင်းဖွင့်လှစ်မည့် အီလက်ထရောနစ် နည်းပညာသင်တန်းကို ပညာဒါန အခမဲ့အဖြစ် ဇွန်လ(၂၂)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ် ကြောင်း သိရှိရသည်။
        

အဆိုပါသင်တန်းတွင် ဆရာ ဦးအောင်ထွန်း (နေလင်းအီလက်ထရောနစ်)က လာရောက်ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ (၂)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ ယနေ့အချိန်အခါတွင် လူတိုင်းနီးပါး အီလက်ထရောနစ်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေကြပြီဖြစ်ရာ စက်ပစ္စည်းများပျက်စီးမှုများလည်းရှိလာသဖြင့် မိမိတို့ကိုယ်တိုင် နားလည်စေလိုခြင်း ၊ တတ်မြောက်သည့် ပညာရပ်ကို အသုံးပြု၍ အလုပ်အကိုင် အခွင့်အလမ်းများတွင်ဝင်ရောက်လုပ်ကိုင်ခွင့်များ ရရှိစေလိုခြင်းတို့ဖြစ်ကြောင်း သိရှိရသည်။


ဦးဇော်မင်းနိုင် (မြင်းခြံ)