မင်းလှမြို့ဈေးချိုတန်းလမ်း၌ လူသတ်မှုဖြစ်ပွား

မင်းလှ  ၂၀   မတ်

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဈေးချိုတန်းလမ်းတွင် မတ် ၁၉ ရက် မွန်းလွဲ  ၁ နာရီ ၁၅ မိနစ်ချိန်ခန့်က ဆိုင်ကယ်နှင့် စက်ဘီးရှောင်တိမ်းရာမှ စကားများပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာမင်းလှမြို့နယ်၊ ပန်းတောကျေးရွာနေ ဦးတင်အောင်(ခ)ကိုပေါက် သည် မြို့သို့စက်ဘီးဖြင့် လာရာလမ်းတွင် မိုးဝင်းနှင့်ထွန်းမင်းကျော်(အုတ်ဖိုမြို့နေသူ)တို့ ဆိုင်ကယ်နှင့် ရှောင်တိမ်းရာမှ ဆဲဆိုခဲ့သဖြင့် နောက်မှလိုက်လာပြီး တစ်ယောက်တစ်ခွန်းစကားများရာ မိုးဝင်းက ကိုပေါက်အားဓားဖြင့် ထိုးသတ်ခဲ့ရာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင်သွားသော မိုးဝင်းနှင့်ထွန်းမင်းကျော်တို့အား ရှာဖွေဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)