မင်းလှမြို့၌ ဆိုင်ကယ်တစ်စီးနှင့်အတူ အများသုံး သောက်ရေတွင်းအတွင်း  ပြုတ်ကျသေဆုံးနေသူ တစ်ဦးအား တွေ့ရှိ

မင်းလှ  ၄   သြဂုတ်

 

မကွေးတိုင်းဒေသကြီး ၊ အထက်မင်းလှမြို့၌ ယနေ့ နံနက် ၇ နာရီခန့်က လူတစ်ဦး ဆိုင်ကယ်နှင့် အတူရေတွင်းထဲ ပြုတ်ကျသေဆုံးနေသည်ကိုတွေ့ရကြောင်း မင်းလှမြို့မရဲစခန်းမှ သိရသည်။

 

mdn

 

မင်းလှမြို့၊ရုံးရပ်၊ မြောက်ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်လမ်းနှင့် စက်မှုမေတ္တာလမ်းဆုံရှိ အများသုံး သောက်ရေတွင်းအတွင်း၌ တွေ့သည့်အခြေအနေအား ရုံးရပ်မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ သတင်းပို့ချက်အရ သိရခြင်း ဖြစ်သည်။

 

မင်းလှမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရုံမြောက်ရပ် အုပ်ချုပ်ရေးမှူးတို့ ပူပေါင်းဆယ်ယူခဲ့သဖြင့် အမည်မသိ အမျိုးသားတစ်ဦး နေရပ်လိပ်စာ၊ အလုပ်အကိုင် စုံစမ်းဆဲကို နဖူးပေါက်ပြဲ ဒဏ်ရာ၊ ယာမျက်စိဘေး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းရိုး ကျိုးကြေဒဏ်ရာများနဲ့အတူ R-3743 Honda-125 အပြာရောင်ဆိုင်ကယ်တို့ကို နံနက် ၉ နာရီခွဲတွင် ဆယ်ယူရရှိခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ  သိရသည်။

 

 

ဇေယျတု( မကွေး)