မင်းလှမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်များ စတင်ထုတ်ပေး

မင်းလှ   မတ်   ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်‌‌ပေးခြင်းကို မတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနများတွင် စတင် ထုတ်ပေးလျက်ရှိသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်များအား ဘာသာတွဲအလိုက် သတ်မှတ်ထားသည့် အရောင်များဖြင့် စာမေးပွဲဖြေဆိုချိန်မတိုင်မီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းဖြေ ကျောင်းသား ကျောင်းသူများက မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူနိုင်ပြီး အပြင်ဖြေ ကျောင်းသား ကျောင်းသူများက မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရမည် ဖြစ်ကြောင်းသိရသည်။

 

၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အထက(မင်းလှ)(မြို့တွင်း)၊ အထက မင်းလှ(မြို့ပြင်)နှင့် အထက(စစ်ကွင်း)စာစစ်ဌာနတို့ကို စီစဉ်ထားရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၇၉၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ပေါက်စ(မင်းလှ)